သတင်းများ

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေး ကျင်းပ
Mar 22,2023
ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ - ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်
Mar 22,2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ - ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်တွေ တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများနှင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများတက်ရောက်ကြသည်။
ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီးနှံ(၁၇၄)ဧက စိုက်ပျိုးပြီးဖြစ်
Mar 22,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယတွင် စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိရာ နွေနှမ်းသီနှံ (၁၇၄)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိရသည်။
ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြင်ပြောအစီအစဉ် ပြုလုပ်
Mar 22,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန်နှင့် စကားပြောစွမ်းရည် မြင့်တက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် ၁၂နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြင်ပြောအစီအစဉ် ပြုလုပ်သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းဖြင့် စာဖတ်ဝိုင်း ကျင်းပ
Mar 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Communiity Centre)ခန်းမ၌ စာအုပ် စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းနှင့် ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က သုတေသီဘုန်းမြင့်သွေးရေးသားသည့် “မရှိမဖြစ်ဇွဲ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 22,2023
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် (ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ
Mar 22,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီက (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် (ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ) ကျင်းပရာ ပြည်ခရိုင်အတွင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၅၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
မုံးကိုးမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
Mar 22,2023
မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင်  ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက  စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မုံးကိုးမြို့အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။