သတင်းများ

ကုန်းကြမ်းမြို့အတွင်းရှိ ကျေးရွာများမှ သက်ကြီးရွယ်အို(၆၀၀)ဦးအား စောင်နှင့် ဆီပုံးများ ထောက်ပံ့ပေးအပ်
Mar 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့၌ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ မြန်မာ-တရုတ် နယ်စပ်ဂိတ်များ၏ ကန့်သတ်ချက်များကြောင့် ကိုးကန့်ဒေသရှိ လက်ဖက်များရောင်းချမှုဆိုးရွားစွာ သောင်တင်ခဲ့ပြီး ပစ္စည်းတန်ဖိုးများအဆက်မပြတ် ကျဆင်းလာကာ လက်ဖက်စိုက် တောင်သူများအတွက် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့ပါသည်။ လက်ရှိအချိန်တွင် ချင်းရွှေဟော်မြို နယ်စပ်ကုန်သွယ်ရေးစခန်း အပြည့်အဝ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လက်ဖက်ခြောက်များသည်လည်း နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ရောင်းချနိုင်ပြီဖြစ်၍ ကိုးကန့်ဒေသရှိ လက်ဖက်စီးပွားရေးဈေးကွက်သည် ပြန်လည်အသက်ဝင်လာကာ ကောင်းမွန်သော လမ်းကြောင်းသို့ ဦးတည်လျက်ရှိနေပါသည်။
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Mar 22,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံ ငှားရမ်းပေးမှုကို  ရပ်ကွက်‌/ ကျေးရွာများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်းကျေးရွာသို့ သွားရောက်ငှားရမ်း ပေးကြသည်။
ကမ္ဘာ့​ရေသယံဇာတနေ့အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဥ် ရိုက်ကူးထုတ်လွှင့်
Mar 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) တွင် ယနေ့နံနက် ၁၀ နာရီအချိန်ကမတ်လ ၂၂ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ရေသယံဇာတ နေ့အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဥ်ကိုရိုက်ကူး ထုတ်လွှင့်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ နွေစပါး ဧက (၁၀၀) တင်း (၁၂၀) နှင့်အထက် ထွက်ရှိရေး စံပြကွက်မျိုးနှင့် မြေဩဇာထောက်ပံ့ပေးအပ်
Mar 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နွေစပါး ဧက (၁၀၀) တင်း(၁၂၀)နှင့် အထက် ထွက်ရှိရေး စံပြကွက် မျိုးနှင့် မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇီးဖြူပင် ကျေးရွာ၊ ပေါစံခေါ KC ခန်းမ၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ပွင့်လင်းရာသီကာလ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Mar 22,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရေန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျောင်းတော်ရာကျေးရွာအုပ်စုသို့ ကွင်းဆင်းပြီး မီးဘေးကြိုတင်ကာကွယ်ရေး ဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခြေခံရှေးဦးပြုစု ခြင်းသင်တန်းဖွင့်လှစ်
Mar 22,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ အခြေခံရှေးဦး ပြုစုခြင်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန
သန်လျင်မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပမည်
Mar 22,2023
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် (၁၃၈၄)ခုနစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
၂၀၂၃ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ (ပထမနေ့) ဖြေဆိုတော်မူနေသည့် သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည်ညိုအားပေး
Mar 22,2023
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်(ပုသိမ်စာဖြေဌာန)၌ ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ပါရာဇိက ကဏ္ဍပါဠိအဋ္ဌကထာ (ပထမနေ့) ဖြေဆိုတော်မူနေသည့် သံဃာတော်များအား ကြည်ညိုအားပေးခဲ့သည်။