ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

ကြံခင်း မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အငြိမ်းစား ပင်စင်လစာငွေများကို ယနေ့နံနက် (၆)နာရီအချိန်က ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဆက်လက်ထုတ်ပေးလျက်ကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာထုတ်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက မတ်လ(၂၁)ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ပင်စင်စားဦးရေ (၄၂၆)ဦး ထုတ်ပေးခဲ့ပြီး၊ ယနေ့မတ်လ (၂၂)ရက်နေ့တွင် ကျန်ရှိနေသော ပင်စင်စားများအား ဆက်လက်ထုတ်ပေးကြောင်း သိရသည်

ကြံခင်းမြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင် လစာထုတ်ယူမည့်သူဦးရေ စုစုပေါင်း (၁၁၄၆)ဦး ရှိရာ နိုင်ငံရေးပင်စင်စား (၇၉)ဦး၊ မြို့ပြပင်စင်စား (၇၇၀)ဦး၊ ကာကွယ်ရေးပင်စင်စား (၂၈၆)ဦးနှင့် ဘဏ်ပင်စင်စား (၁၁)ဦးရှိပြီး  ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ စတင်ထုတ်ပေးပြီး၊ ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များတွင် နံနက်(၆)နာရီမှ နေ့လည် (၂)နာရီအထိ  ထုတ်ပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)