သတင်းများ

ရန်ကင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့တွင် သံဃာတော်နှင့် သီလရှင် (၂၆၉)ပါး ဝင်ရောက်ဖြေဆို
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဗုဒ္ဓသာသနာတော်၏ အခြေအမြစ်ဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားရေးကို ရည်ရွယ်၍  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားဝန်းအတွင်းရှိ မိုးကောင်းသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် Talk Show ပြုလုပ်
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်/ဆက် ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့် Talk Show ကို ယမန်နေ့နံနက် (၁၀) နာရီတွင် ကျင်းပသည်။
တနိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းပင်စင်လစာများ ထုတ်ပေး
Mar 23,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်းထမ်းများ၏ ပင်စင် လစာငွေများကို မတ် ၂၁ ရက်နေ့ နံနက် (၉) နာရီအချိန်က စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ(ချုံချင့်ပိရှန်းဒေသ)နှင့် မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲအခမ်းအနားကျင်းပ
Mar 23,2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ချုံချင့်ပိရှန်းဒေသ)နှင့် မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ Lotte Hotel ၌ ယမန်နေ့တွင် ကျင်းပသည်။
ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ ကို ယမန်နေ့ နံနက် (၁၀)နာရီက စတင်၍ ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းဖြန့်ဝေ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများက ဖြန့်ဝေခဲ့သည်။
ဒေးဒရဲမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။