သတင်းများ

ကိုကိုးကျွန်းမြို့နယ်တွင် လေယာဉ်ခရီးစဉ်ပြေးဆွဲ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံပြည်သူများသွားလာရေးလွယ်ကူစေရန်နှင့် စားသောက်ရေးအစဉ်ပြေရန်အတွက် တပ်မတော်လေမှ ယမန်နေ့နံနက်(၁၁)နာရီ အချိန်တွင်ခရီးသည်(၃၈)ဦးနှင့် ကုန်တန်ချိန်(၂၄၄)Kg တင်ဆောင်ကာ ရန်ကုန်လေဆိပ်မှထွက်ခွာလာရာ ကိုကိုးကျွန်းလေဆိပ်သို့ (၁၂)နာရီအချိန်တွင် ရောက်ရှိခဲ့ကြောင်းသိရသည်။
ရေတာရှည်မြို့နယ် ကြို့ပင်သာ​ကျေးရွာ​ ရေပေးဝေရေးလုပ်ငန်းဖွင့်ပွဲကျင်းပ
Mar 23,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ၌ (၇၈)နှစ်မြောက် တပ်​မ​တော်နေ့ကို ဂုဏ်ပြုသောအားဖြင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြို့ပင်သာကျေးရွာ   ရေပေးဝေခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ(အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း) ခရိုင်အဆင့် စွမ်းရည်မြှင့်ဘာသာရပ်မွန်းမံသင်တန်းများ ဖွင့်လှစ်
Mar 23,2023
(၂၀၁၅-၂၀၁၆) ပညာသင်နှစ်မှစ၍ အခြေခံပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို KG အတန်းမှ ဒသမတန်းအထိ နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
သာကေတမြို့နယ်တွင် ၂၀၂၃ ခုနှစ်အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်​ဖြေဆို
Mar 23,2023
 ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင်သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့မွန်းတည့်(၁၂:၀၀)နာရီတွင် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ ဆက်လက်ကျင်းပဖြေဆိုရာရန် ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌဘဒ္ဒန္တ အဂ္ဂသာမိနှင့် အထူးကြီးကြပ်ရေး ဆရာတော်(၇)ပါး၊ စာမေးပွဲသြဝါဒစရိယနှင့် အထူးကြီးကြပ်ရေးဆရာတော်(၁၁)ပါး၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်(၁၅)ပါးတို့က အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ဒေါပုံမြို့နယ်တွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် ရှေးဦးလူနာပြုစုနည်းလက်တွေ့ သရုပ်ပြသင်တန်းဖွင့်လှစ်
Mar 23,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် ရှေးဦးလူနာပြုစုနည်း လက်တွေ့သရုပ်ပြသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းနန္ဒာလမ်းမပေါ်ရှိ g&g ဝင်း အတွင်းရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ
Mar 23,2023
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပဲခူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းလိုက်လံကြည့်ရှုအားပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ​ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​ ပြည်သူ့စာကြည့်တိုက်၌  "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ" ကို ယနေ့မွန်းလွဲပို
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ဆိုင်ရာ စွမ်းရည်မြှင့်မားရေး ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များဖိတ်ခေါ်၍ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။