ဗိုလ်တတောင်မြို့နယ်တွင် အားလပ်ချိန်မှာ စာဖတ်ကြမယ်နှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

ဗိုလ်တထောင်       မတ်     ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ယမန်နေ့နံနက် ၁၀း၀၀ နာရီက အားလပ်ချိန်မှာ စာဖတ်ကြမယ်နှင့် စာပေဖတ်ရှု့လေ့လာခြင်း၏ အကျိုးကျေးဇူး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃  ဒေါ်မြတ်မြတ်စိန်က ယနေ့ခေတ် လူငယ်အများစုသည် အားလပ်ချိန် Mobile Phone များ အသုံးများ လာတာတွေ့ရကြောင်း၊ နည်းပညာတိုးပွားလာသည်နှင့် စာပေဖတ်ရှု့ရာတွင် အာနည်းလာတာတွေ့ရှိကြောင်း၊ စာပေဖတ်ရှုခြင်းမှ ရရှိနိုင်သည့် ဗဟုသုတနှင့်နည်းပညာမှရရှိနိုင်သည့် ဗဟုသုတခြင်းမတူကွဲပြားပုံကို ဆွေးနွေးခဲ့ပြီး စာရေးဆရာမဒေါ်မေမြတ်စန္ဒာက လူ့ဘဝ၏အရွယ်သုံးပါတွင် ဖတ်ရှုရမည့် စာပေအမျိုးအစားများစွာရှိ​ကြောင်း၊ အသက်အရွယ်အလိုက် ဖတ်ရှုရမည့် သုတ/ရသ စာအုပ်များစွာရှိကြောင်း၊ စာများများဖတ်မှ လွဲမှားတတ်သော သတ်ပုံများကို လေ့လာမှတ်သားနိုင်မည်ဖြစ်ကြောင်း၊ စကားပြောစွမ်းရည်လည်း တိုးတက်လာမည်ဖြစ်ကြောင်းစသည့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ပြည်သူများဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။

မေနှင်း