ငဖဲမြို့နယ်တွင် နွေနှမ်းသီးနှံနှင့် နေကြာသီးနှံစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငဖဲ မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ စားနပ် ရိက္ခာဖူလုံစေရေးနှင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် မြို့မရပ်ကွက်ရှိ ကွင်းအမှတ်များတွင် ဒေသခံတောင်သူများ မြေအောက်ရေဖြင့် ရေတင်စိုက်ပျိုးနေသည့် နွေနှမ်းသီးနှံ၊ နေကြာသီးနှံ ရောနှောစိုက်ခင်း၊ နေကြာသီးနှံသီးသန့်စိုက်ခင်းများနှင့် နွေစပါး စိုက်ပျိုးဆောင်ရွက်နေမှုအား ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးနေမျိုးနန္ဒ၊ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းထွန်းနှင့် ကွင်းဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးနေမျိုးနန္ဒ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းထွန်းနှင့် ကွင်းဝန်ထမ်းများ  ပူးပေါင်း၍ မြို့မရပ်ကွက် ကွင်းအမှတ် ၁၀၂၂ တောင်သူဦးစန်းဌေးဝင်း၏ နေကြာသီးသန့်စိုက်ခင်း၊ တောင်သူ ဦးဌေးဝင်း၏ နေကြာသီးသန့်စိုက်ခင်း၊ တောင်သူ ဦးထွန်းထွန်းလေး၏ နေကြာသီးသန့်စိုက်ခင်း ၊  တောင်သူ ဦးစောမောင်၏ နေကြာစိုက်ခင်း နှင့် တောင်သူ ဦးသောင်းမြင့် ၏ နေကြာသီးနှံနှင့် နှမ်းသီးနှံ ရောနှောစိုက်ခင်းများ၊ ရင်းရှည်ကျေးရွာအုပ်စုရှိ နွေစပါးစိုက်ခင်းများအား စိုက်ပျိုးဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြေအောက်ရေသွင်း၍ နွေနှမ်းသီးနှံ စိုက်ပျိုးနည်းစနစ်များ၊ နွေစပါးစိုက်ပျိုးရေး၊ သီးနှံရောနှော စိုက်ပျိုးနည်းစနစ်များ၊ ဆီထွက်သီးနှံနေကြာနှင့် နှမ်းသီးနှံအောင်မြင် ဖြစ်ထွန်းရေးနှင့် အထွက်နှုန်း ကောင်းမွန်ရေး၊  မြေဩဇာကျွေးနည်းစနစ်များနှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို တောင်သူများအား အသိပညာပေး ပြောကြားခဲ့သည်။

ငဖဲမြို့နယ်တွင် နွေသီးနှံများအဖြစ် နွေစပါးစိုက်ပျိုးရန် (၉၅)ဧက၊ နွေနှမ်း (၇၆၉)ဧကနှင့် နေကြာသီးနှံများ ရောနှောစိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ နွေစပါး (၇)ဧက၊ နွေနှမ်း (၇၀၃)ဧက နှင့် နေကြာ (၁၈)ဧကတို့ စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။

မယု(ငဖဲ)