ကွန်ဟိန်း မတ်၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဥ်(၄) သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ဗျူဟာ (အခြေချ)ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ်မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် ထူးချွန်ဆုရရှိသော သင်တန်းသူများကို တာဝန်ရှိသူများမှ ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပါသည်။
ထိုနောက် သင်တန်းဆင်းလက်မှတ်များကို သင်တန်းကျောင်းအုပ်ဒေါ် မြင့်မြင့်ဆန်းမှပေးအပ်ခဲ့ပြီး သင်တန်းတွင် သင်ကြားပြီးသင်ခန်းစာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် တက်ရောက်လာသူများမှ သင်တန်းတွင် ခေတ်မီဒီဇိုင်းလက်ရာများနှင့် Handmade ပစ္စည်း များအား လေ့လာကြည့်ရှု့ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ)ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းကျောင်းအုပ်နှင့် နည်းပြများ၊ သင်တန်းသူများ စုစုပေါင်းအင်အား(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)