လဲချား မတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြို့မစျေးတွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်နှင့် မီးဘေးအန္တရာယ်ကြံကြိုက်လာပါက ပြည်သူလူထုများ၏ စည်းစိမ်ဥစ္စာများဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် မီးငြိမ်းသတ် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား မြို့နယ်မီးသတ်ဦးစီးမှူးမှ အသေးစိတ် ရှင်းလင်းပြောကြားကာ လက်တွေ့လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ပြီး စျေးသူ/သားများမှ လက်တွေ့ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)