ဖြူး မတ် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း(ဖြူး)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲကို ယနေ့၊ နံနက်(၁၀)နာရီ၌ အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက်သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထွေးရီက သင်တန်းဆိုင်ရာအချက်အလက်များ၊ သင်တန်းတွင် သင်ကြားပေးခဲ့သည့် ဘာသာရပ်များနှင့် ထောက်ပံ့ဆောင်ရွက်ပေးသည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်း ထူးချွန်ဆုရရှိသူ သင်တန်းသူတစ်ဦးအား အပ်ချုပ်စက်တစ်လုံးနှင့် ဒုတိယဆု၊ တတိယဆုရရှိသူများအား ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေရီက ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းကို အမျိုးသမီးငယ်များ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာအနေဖြင့် တတ်မြောက်၍ ကိုယ်ပိုင်လုပ်ငန်းနှင့် မိသားစုဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်၍ (၂၅-၁၀-၂၀၂၂)ရက်နေ့မှ စတင်ကာ သင်တန်းကာလ(၅)လအတွင်း သင်တန်းသူ(၃၅)ဦးအား အထည်မျိုးစုံချုပ်လုပ်နည်းများ၊ ဇာထိုးပန်းထိုး ပညာများ၊ မုန့်မျိုးစုံ လုပ်နည်းများကို သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ ဆက်)