ရေနံချောင်းမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပ

ရေနံချောင်း မတ် ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ရေနံချောင်း မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ရေနံချောင်းမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပပအုန်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ ၄၁ ဦးအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ပဒေသာအကများဖြင့် သရုပ်ဖော်ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြား ထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)