ရန်ကင်း မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အလုပ်နှင့်တန်ဖိုး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က အလုပ်လုပ်ရာတွင် နည်းမှန်၊ လမ်းမှန်ဖြင့် ဇွဲလုံ့လထားကာ စေတနာတရားလက်ဝယ်ထား၍ ကြိုးစားရမည်ဖြစ်ကြောင်း၊ မိမိ၏လမ်း ကြောင်းကို မိမိကိုယ်တိုင်ရွေးချယ်ထားပြီး၊ မရောက်မချင်း လျှောက်လှမ်းသွားရန် လိုအပ် ကြောင်း၊ မိမိရွေးချယ်ထားသော လမ်းကြောင်း မိမိ၏ ပြေးလမ်းပေါ်တွင် အကောင်းဆုံးရပ် တည်စေရန် ဖန်တီးနေရမည်ဖြစ်ကြောင်း၊ တစ်ပါးသူ၏ပြေးလမ်းပေါ်တွင် လိုအပ်သည်ထက် အာရုံစိုက်နေလျှင် ခရီးဖင့်နှေးမညသာဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ မြမဥ္ဇူဝေ(ကျုံမငေး)က အလုပ်သည် ကံပင်ဖြစ်ကြောင်း၊ မိမိပြုလုပ်လိုက်သော ကာယကံ၊ ဝစီကံ၊ မနောကံတို့သည် မိမိကိုယ်သာ ပြန်လည်အကျိုးပေး သက်ရောက်မည်ပင်ဖြစ်ကြောင်း၊ ကံကောင်းချင်လျှင် အလုပ်ကောင်းရန် ဂရုပြုရမည် ဖြစ်ကြောင်း၊ အလုပ်ကောင်းပါလျှင် ကံတရားများ ကောင်းမွန်လာပြီး၊ တန်ဖိုးရှိသောလူသား ဖြစ်လာမည်ဖြစ်ကြောင်း၊ “ရေမြင့်လေကြာတင့်လေဆို” သကဲ့သို့ အလုပ်ကြိုးစားလေ၊ ဂုဏ်သတင်းမွှေးပျံ့လေ၊ အောင်မြင်လေ၊ တန်ဖိုးရှိလေဖြစ်ပါကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
သို့ဖြစ်ပါ၍ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က တိုင်းပြည်၏ အနာဂတ်ဟု တင်စားကြသည့် လူငယ်လူရွယ်များကို စိတ်ကောင်းနှလုံးကောင်း ထားကြစေလိုကြောင်း၊ အလုပ်နှင့်တန်ဖိုးကို ယှဉ်တွဲသိစေလိုကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ ဆက်)