လဟယ်မြို့တွင် အမျိုးသမီးအိမ်တွင်းမှု၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၅)၊ ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲ ကျင်းပ

လဟယ် မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်-၅၊ ရိုးရာဂျပ်ခုတ်သင်တင်တန်း အမှတ်စဉ်-၁၇ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၀၈:၀၀)နာရီအချိန် အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူက အဖွင့်အမှာစကားပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်‌သော အိမ်တွင်းမှု
သက်မွေးလုပ်ငန်း ပညာတက်မြောက်စေရန်အတွက် မြန်မာနိုင်ငံအတွင်းမှာ အိမ်တွင်းမှုကျောင်း (၄၇)ကျောင်းကို ရည်ရွယ်ချက်(၅)ချက်နှင့်အညီ ဖွင့်လှစ်ပြီး အိမ်တွင်းမှုပညာရပ်များကို သင်ကြားပေးလျက်ရှိပါကြောင်း အဆိုပါ သင်တန်းမှ ထူးချွန်စွာ အောင်မြင်သော သင်တန်းသူတစ်ဦးကိုလည်း အပ်ချုပ်စက်တစ်စုံ ထောက်ပံ့ပေးလျက်ရှိပြီး လဟယ် အိမ်တွင်းမှုသင်တန်းကျောင်းကို ၂၆-၁၂-၂၀၀၅ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ သင်တန်းသူ (၁၄၃၉)ဦး မွေးထုတ်သင်ကြား‌ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူအား အပ်ချုပ်စက်တစ်စုံကို ချီးမြင့်ပေးအပ်ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းဆင်း သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)