ကျိုက်လတ် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခန့်က သာယာဝဲကျေးရွာအုပ်စု၊ ရွှေဘိုစု ကျေးရွာ၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေး များအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းသင်ယူပြီး မြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ လူကုန်ကူးမှု ပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ် လုံခြုံရေး၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်း ကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်း ၆၆/၆ ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေး အတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး၊ ကျေးရွာ အုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့များ ပူးပေါင်း၍လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ် ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်းရေး၊ သတ်မှတ်မိုင်နှုန်း အတိုင်းမောင်းနှင်ရေး၊ လမ်းပေါ်စပါးမလှန်းရေး၊ အလှူခံများလမ်းနှင့်လွတ်အောင် ယာဥ်အန္တရာယ်မဖြစ်စေဘဲ အလှူခံရေး၊ ဆောင်းသီးနှံနေကြာ ပြည့်မီစွာစိုက်ပျိုးရေး၊ စနေနေ့တိုင်း ကျေးရွာအလိုက်၊ နေအိမ်အလိုက် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် ဆောင်ရွက်ရန်၊ ထင်း၊ မီးသွေး လွန်စွာထုတ်ယူသုံးစွဲမှု မရှိစေရေး၊ ထင်းမီးသွေးအစားထိုး စပါးခွံလောင်စာတောင့် စက်ရုံတည်ဆောက် သုံးစွဲရေး၊ နိုင်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစု ထုတ်ယူရေး၊ နွေစပါး၊ ပဲတီစိမ်းစိုက် တောင်သူများ စာချုပ်ချုပ်ဆိုဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ကျေးရွာနေပြည် သူများ တင်ပြလာသော ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်း ပေးနိုင်ရေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ တက်ရောက် လာသူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။
ကျိုက်လတ်(ပြန်/ဆက်)