ငါးသိုင်းချောင်း မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေကြည်မြို့နယ် ကြက်ခြေနီအသင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)နှင့် သရက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပူးပေါင်း၍ သရက်ချောင်းအုပ်စု သောင်ရွာကျေးရွာအတွင်းရှိ ခါတော်မှီဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်(၈)နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃) အခမ်းအနားဖွင့်လှစ်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား၌ ကြက်ခြေနီအသင်းခွဲ(ငယ်)ဥက္ကဋ္ဌဦးမောင်မောင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့ကြက်ခြေနီအသင်းခွဲ(ငယ်)အဖွဲ့ဝင် ဦးအောင်စိုးမြင့်က လူမှုဝန်ထမ်းစိတ်ထားရှိရန်နှင့် ကြက်ခြေနီလုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒု-မြို့နယ်တပ်ဖွဲ့မှူးဦးခင်မောင်သန်းက ကြက်ခြေနီသင်တန်းနှင့်ပတ်သက်သည့် စည်းကမ်းချက်များကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်၍ မြို့ကြက်ခြေနီအသင်းခွဲ(ငယ်)အဖွဲ့ဝင် ဦးအောင်စိုးမြင့်က Level-2 ဝတ်စုံများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းဖွင့်ပွဲသို့ ရပ်မိ/ရပ်ဖများ၊ သင်တန်းသူ/သင်တန်းသားများ၊ မြို့ကြက်ခြေနီအသင်းခွဲ(ငယ်)အမှုဆောင်များနှင့် ကြက်ခြေနီတပ်ဖွဲဝင်များ စုစုပေါင်းအင်အား(၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)