ငပုတော မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ၌ နွေစပါးသီးနှံ သီးထပ်ယဥ်မျိုးစံပြကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကွင်းအမှတ်၊ ၁၃၆၆(က)၊ ဦးပိုင်အမှတ်(၁၀/၆)တောင်သူ ဦးမြင့်လွင်၏ လယ်မြေ (၄.၀၀)ဧက ဧရိယာအတွင်းရှိ (၀.၁၀)ဧကအား ရိတ်သိမ်းရာ အစိုတင်း(၁၂၁.၈၀ )တင်း၊ အခြောက် တင်း(၁၁၄.၄၉ )တင်းထွက်ရှိကြောင်း သိရသည်။
အဆိုပါသီးထပ်ယဥ်မျိုး စံပြကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူ ၊ အတွင်းရေးမှူး ဦးထွန်းမျိုးသန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)