(၇၈) နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုအထိမ်းအမှတ် ကက္ကူ(တောင်)ကျေးရွာ ကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ

တောင်ကြီး  မတ် ၂၅

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာမှ (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်ခဲ့သော ကက္ကူကျေးရွာအုပ်စု၊ ကက္ကူ(ရှေ့)ကျေးရွာ မူကြိုကျောင်း တည်ဆောက်ခြင်း၊ ကက္ကူ(တောင်)ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း၊ လိုင်ကွန်းကျေးရွာ ဘက်စုံသုံးခန်းမနှင့် ပြည်ထောင်စု (Unicefနှင့်ပူးပေါင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကက္ကူ(အနောက်) ကျေးရွာ အိမ်တိုင်ရာရောက်ရေပေးရေး(ရေမီတာစနစ်)လုပ်ငန်းများဖွင့်ပွဲကို ယမန်နေ့လည်(၁၂) နာရီက အဆိုပါကျေးရွာ၌ ကျင်းပ သည်။

ကက္ကူ(တောင်)ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း၊ ဒေသခံတာဝန်ရှိသူ တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ကွန်ကရစ်လမ်းအား ကြည့်ရှုကြပြီး ကက္ကူ(ရှေ့)ကျေးရွာမူကြိုကျောင်း၊ လိုင်ကွန်းကျေးရွာဘက်စုံသုံးခန်းမနှင့် ပြည်ထောင်စု (Unicefနှင့်ပူးပေါင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကက္ကူ(အနောက်)ကျေးရွာ အိမ်တိုင်ရာရောက် ရေပေးရေး (ရေမီတာစနစ်) လုပ်ငန်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ကက္ကူ(မွေတော်)ဘုရားအနီး လိုင်ကွန်းဟိုတယ်တွင် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကား‌ပြောကြားပြီး ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ရသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)