ကျိုက်လတ် မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဝတ္ထု၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဝတ္ထု၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ကွန်ပျူတာ၊ ပန်းချီပြိုင်ပွဲများတွင် မူးယစ်ဆေးရန်တို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်၊ မူးယစ်ကင်းစင်တို့ပြည်တစ်ခွင်၊ သာယာလှပလူမှုဘဝ၊ ငါတို့ရဲ့အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့၊ မျိုးဆက်သစ်များ တိုးတက်ဖို့ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ၊ လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ၊ မိသားစုနွေးထွေးမှုဖြင့် မိမိ၏ ရင်သွေးများအား မူးယစ်ဆေးဝါး အန္တရာယ်မှ ကာကွယ်ကြပါစို့နှင့် လူသားချင်းစာနာ ကျန်းမာဖို့၊ စိန်ခေါ်မူးယစ် တိုက်ဖျက်စို့ခေါင်းစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင် နေကြသည်ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရီရီမြင့်