သတင်းများ

ညောင်ဦးမြို့နယ်  မီးသတ်စခန်းနယ်မြေများအလိုက် သောက်သုံးရေများ လှူဒါန်း
Mar 28,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် နယ်မြေမီးသတ်စခန်းများမှ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် နယ်မြေမီးသတ်စခန်းများမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံကသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားပြည်သူများ တစ်ရက်လျှင် ရှစ်သောင်းခန့် ဝင်ရောက်
Mar 28,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားဘုရားဖူး ပြည်သူတစ်ရက်လျှင် လူဦးရေရှစ်သောင်းကျော်ခန့် လာရောက်ဖူးမြှော်လျက်ရှိပါကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူး ဦးစီးဌာန(ပုဂံ)ရုံးခွဲတာဝန်ရှိသူများထံက သိရသည်။
ငါးသိုင်းချောင်းမြို့၌ ကြက်ခြေနီအခြေခံ ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်း အောင်လက်မှတ်များနှင့် ဆုချီးမြှင့်ခြင်းဆောင်ရွက်
Mar 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေကြည့်မြို့နယ် ကြက်ခြေနီအသင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)နှင့် သရက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပူးပေါင်း၍ သရက်ချောင်းအုပ်စု‌ သောင်ရွာကျေးရွာအတွင်းရှိ ခါတော်မှီဘုန်း‌တော် ကြီးကျောင်းတွင် မြန်မာနိုင်ငံကြက်‌‌ခြေနီ အသင်း အခြေခံ ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့ ညနေ ၃ နာရီ ၃၀ အချိန်က သင်တန်းဆင်းအခမ်းအနားကို သင်တန်းအောင်လက်မှတ်များနှင့် ထူးချွန်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ ၂၀၂၃ ခုနှစ်တွင် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ (မူလတန်းအဆင့်) ဖွင့်ပွဲပြုလုပ်
Mar 28,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(မူလတန်းအဆင့်) ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က-ပေါက်တောကျောင်း စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Mar 28,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ် စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း)၌ ဖွင့်လှစ်ခဲ့သည်။
တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Mar 28,2023
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့ လူထုအခြေပြုဗဟိုဌာန (community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် အလုပ်ဆိုတာ အင်းအားပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ်လ( ၂၅)ရက်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲကြောင်းသိရသည်။
နတ်တလင်းမြို့နယ်၌ (၃၅)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင် သီလရှင်များအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်လှူဒါန်း
Mar 28,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၃၅)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များနှင် သီလရှင်များအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နေ့လယ်  ၁နာရီအချိန်က နတ်တလင်းမြို့၊ သာစည်ရပ်ကွက်၊ ဇေယျဝတီကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်‌ဆေးများ ထိုးနှံတိုက်ကျွေး
Mar 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။