နတ်တလင်းမြို့နယ်၌ (၃၅)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင် သီလရှင်များအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်လှူဒါန်း

နတ်တလင်း  မတ်  ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၃၅)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များနှင် သီလရှင်များအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နေ့လယ်  ၁နာရီအချိန်က နတ်တလင်းမြို့၊ သာစည်ရပ်ကွက်၊ ဇေယျဝတီကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာ​တော် ဉူးဇဋိလနှင့်အဖွဲ့ဝင်ဆရာတော်များ၊ စာအောင်သံဃာနှင့်သီလရှင်များ၊ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ပြီး ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသော ပရိတ်သတ်များမှ နမောတဿသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်ဥူးဇဋိလထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ သာသနာရေးဆိုင်ရာများ ‌လျောက်ထားကာ ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် အကြီးတန်းအောင်ဆရာတော်တစ်ပါးလျှင် ၅ဝဝဝဝကျပ်၊ အလတ်တန်းအောင်တစ်ပါးလျှင် ၄ဝဝဝဝကျပ်၊ အငယ်တန်းအောင် တစ်ပါးလျှင် ၃ဝဝဝဝကျပ်နှင့် အခြေပြုမူလတန်းအောင်တစ်ပါးလျှင် ၂ဝဝဝဝကျပ်နှုန်းနှင့် စာအောင်လက်မှတ်များအား အသီးသီးဆပ်ကပ်ချီးမြှင့်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရားနာကြားကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ ဆက်)