ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်‌ဆေးများ ထိုးနှံတိုက်ကျွေး

ကျွန်းလှ မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့် ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝင်းဇော်ဌေး ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ကလေးငယ်များအား အသက်အပိုင်းခြားအလိုက် ကျန်းမာရေးဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ