သတင်းများ

သံတောင်ကြီးမြို့နယ် Community Centreခန်းမတွင် Book  Club/ Youth Club များ စာဖတ်ဝိုင်း ပြုလုပ်
Mar 28,2023
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ပျော်ရွင်နိုင်ပါစေ စာအုပ်အား ယနေ့နံနက်ပိုင်း (၉)နာရီ အချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမ၌စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်
Mar 28,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည် မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနား ကို မြစ်ကြီးနားမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်ခင်နှင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
မြို့နယ်အဆင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 28,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အ.ထ.က(ကြို့ပင်ကောက်) ကျောင်းတွင် မြို့နယ်အဆင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့်ဆွေး‌နွးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခတ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်‌ရေးပြအခမ်းအနားကျင်းပ
Mar 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်ကစစ်ဗျူဟာ (အခြေချ)(မိုင်းခတ်) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ
ချီဖွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Mar 28,2023
ကချင်ပြည်နယ်၊ ချီ‌ဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို မတ် ၂၈ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Mar 28,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား   ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ကာကွယ်‌ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။
တနိုင်းမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ
Mar 28,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ပုသိမ်ကြီးမြို့ Community Centre တွင် နွေရာသီ  အခြေခံပန်းချီ သင်တန်းဖွင့်လှစ်
Mar 28,2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ community centre ခန်းမတွင် နွေရာသီ အခြေခံပန်းချီသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီက အဆိုပါခန်းမ၌ ကျင်းပခဲ့သည်။