ဇီးကုန်း မတ် ၂၈
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ် စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း)၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် ဆရာ/ ဆရာမများ သင်ကြားမှုအရည်အသွေး မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာနိုင်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးမိုးမြင့်ဇော်တိုးက လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ(၂၀)ဦးဖြင့် မူလတန်းပြဆရာ ဆရာမ(၅၈၉)ဦးတို့သည် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ KG မှ GRADE-5 အထိ ဘာသာစုံသင်ကြားမှုဆိုင်ရာများအား နံနက် ၉နာရီမှ ညနေ၄နာရီအထိ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ ဆက်)