တကောင်း မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့ လူထုအခြေပြုဗဟိုဌာန (community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် အလုပ်ဆိုတာ အင်းအားပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ်လ( ၂၅)ရက်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ကျောင်းသားလူငယ်များအနေဖြင့် စာဖတ်အားကောင်းမွန်ပြီး အသိပညာ ဗဟုသုတ များရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုများ မျှဝေတတ်စေရန်စသည့် စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေါ်ဝါဝါခိုင်မှ အလုပ်ဆိုတာအင်အားပါ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မဝင့်သူအောင် (စာအုပ်၊ စာစောင်ချစ်မြတ် နိုးသူများအသင်း) အဖွဲ့ဝင်မှ အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေ ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မောင်သီဟနိုင် (စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း) အဖွဲ့ဝင်မှ အလုပ် လုပ်တဲ့နေရာမှာ ခြင်သေ့စိတ်ထားပါခေါင်းစဥ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာသူများမှ အသီသီးအပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ အချိန်ကိုကောင်းစွာအသုံးချတတ်စေရန်၊ အသိပညာပေး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ် ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)