ထန်းတပင်(ရန်ကုန်) မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည်များမြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြင့်မွမ်းမံသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာမူလတန်း(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြင့်မွမ်းမံသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်ကြည်ကြည်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသာကျော်က သင်တန်းလိုအပ်ချက်များ ထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် မူလတန်းပြဆရာ၊ ဆရာမ(၆၀၉)ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မတ်လ(၂၈)ရက်နေ့မှမတ်လ(၃၁)ရက်နေ့အထိ(၄)ရက်တာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)