လှိုင်းဘွဲမြို့နယ် မြို့မဘုန်းတော်ကြီးကျောင်း၌ ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ

လှိုင်းဘွဲ မတ် ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီအချိန်က လှိုင်းဘွဲမြို့မ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို စာမေးပွဲကြီးကြပ်ရေး ဆရာတော်/သံဃာတော်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ကာ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ပထမကြီးတန်းတွင် စာဖြေသံဃာ (၂)ပါး၊ ပထမလတ်တန်းတွင် (၆)ပါး၊ ပထမအငယ်တန်းတွင် (၂၉)ပါး၊ အခြေပြုမူလတန်းတွင်(၈၀)ပါး စုစုပေါင်း စာဖြေသံဃာ(၁၁၇)ပါးဖြင့် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)