ပင်းတယ မတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ်သင်ကြား ပေးလျက် ရှိသည်။
အဆိုပါသင်တန်းတွင် နည်းပြဆရာ၊ ဆရာမ ၁၉ ဦး၊ ကြီးကြပ်ဆရာ၊ ဆရာမ ၅ ဦး၊ သင်တန်းတက်ရောက်သင်ကြားသူ ဆရာ၊ ဆရာမ ၅၆၄ ဦး ရှိကြောင်းသိရပြီး၊ သင်တန်းကာလမှာ ယနေ့မှ မတ်လ ၃၁ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)