ပိုင်ကျုံ မတ် ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမများအား Grade-5 အင်္ဂလိပ်စာ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ဆရာမ(၁၂၄)ဦးအား Grade-5 အင်္ဂလိပ်စာဘာသာရပ်ရှိ Unit 1to10 ကို ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် အဆင်ပြေ လွယ်ကူစွာ သင်ကြားပို့ချနိုင်ရေးအတွက် သင်တန်းနည်းပြ(၉)ဖြင့် မတ် ၂၈ ရက်နေ့မှ ၃၁ ရက် နေ့ထိ ၄ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေပညာဦးစီးဌာနအ နိုင်ငံအတွင်းလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆရာ၊ဆရာမများအား ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာရပ်အလိုက် ပညာရပ်များအား ကောင်းစွာတတ်ကျွမ်းစေရေးအတွက် အမြဲမပြတ် လေ့လာသင်ကြား နေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နော်ခူး(ပြန်/ဆက်)