မိုင်းပန် မတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲအခမ်းအနားကို အခြေခံပညာ မူလတန်းလွန်ကျောင်း (နားစန်း) ၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မိုင်းပန်မြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး ဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လက်ထောက်ပညာရေးမှူး ဦးတင် ဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်းချက်များ ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ သင်တန်းနည်းပြဆရာ/မ (၅)ဦးနှင့် သင်တန်းသားဆရာ/မ (၉၂)ဦးတက်ရောက်တက်ရောက်ခဲ့ကြပြီး ယနေ့နံနက်ပိုင်းမှစ၍ မတ်လ (၃၁)ရက်နေ့အထိ သင်တန်းကာလ(၄)ရက် သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)