လယ်ဝေးမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဆောင်ရွက်

လယ်ဝေး မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ်ကြီးများ၊ မူလတန်းပြ၊ ဒုတိယမူလတန်းပြနှင့် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ စုစုပေါင်း ၁၅၀၈ ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ ၅၅ ဦးက ယမန်နေ့မှ ၃၁ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)