သာပေါင်း မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ ယနေ့ ၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း(၈)ရက်၊ မတ်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က စတင်၍ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပခဲ့သည်။
အစိုးရပါဠိပထမပြန်စာမေးပွဲကို စာဖြေဌာန ထပ်ဆင့်ကြီးကြပ်ဆရာတော်၊ ကြီးကြပ်ရေးဆရာတော် သံဃာတော်များနှင့် စာဖြေသံဃာတော်တို့ကို အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)၊ စက်ရုံမှူးဦးသိန်းဇော်ဦးနှင့် ဝန်ထမ်းများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ စာဖြေဌာန၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပကြရာ စာဖြေဌာနထပ်ဆင့် ကြီးကြပ်ဆရာတော်(၂)ပါး၊ ကြီးကြပ်ရေးဆရာတော် သံဃာတော်(၁၀)တို့၏ ကြီးကြပ်မှုဖြင့် စာဖြေသံဃာတော် ပထမကြီးတန်း စာရင်းရှိ(၆)ပါး၊ ဖြေဆို(၆)ပါး၊ ပျက်ကွက်မရှိ၊ ပထမလတ်တန်း စာဖြေ(၂)ပါး၊ ဖြေဆို(၂)ပါး၊ ပျက်ကွက်မရှိ၊ ပထမငယ်တန်း စာဖြေ(၁၂)၊ ဖြေဆို(၁၀)၊ ပျက်ကွက်(၂)ပါး၊ အခြေပြုမူလတန်း စာရင်းရှိ(၁၀)ပါး၊ စာဖြေ(၆)ပါး၊ ပျက်ကွက်(၄)ပါး၊ ပေါင်းစာဖြေသံဃာ စာရင်းရှိ(၃၀)ပါး၊ စာဖြေ(၂၆)ပါး၊ ပျက်ကွက်(၄)ပါးတို့က ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ၊ ဓမ္မပဒ ဒွေမာတိကာဘာသာ၊ ဓမ္မပဒဘာသာတို့အား စတင်ဖြေဆိုနေကြပြီး အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ (၂၈-၃-၂၀၂၃ ရက်နေ့မှ ၃-၄-၂၀၂၃) ရက်နေ့ထိ၊ မွန်းတည့် ၁၂ နာရီ မှ ညနေ ၃ နာရီအထိ စာမေးပွဲကာလအတွင်း စာဖြေဌာနကြီးကြပ်ဆရာတော်၊ သံဃာတော်(၁၂)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ဦးစီးမှူးဦးမြင့်မြတ်ဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူးဒေါ်မိုးစပယ်နု၊ မြို့ဌာနဆိုင်ရာများ၊ မြို့နယ်လုံးဆိုင်ရာ ဥပထမ္ဘကအဖွဲ့တို့က စီစဉ်ကြီးကြပ်၍ စေတနာရှင် အလှူရှင်တို့ထည့်ဝင် ဆက်ကပ်လှူဒါန်းကြပြီး ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)