ကျွန်းလှ မတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး မိုးမျှော်ငရုတ် ဈေးကောင်းရ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“မိုးမျှော်ငရုတ်ကို ချောင်းရေတင်ပြီး အပင် ၁၀၀၀ စိုက်ပျိုးထားပါတယ်။ ငရုတ်မျိုးကို မျိုးထုပ် ဝယ်ပြီး ကိုယ်တိုင်ပျိုးပါတယ်။ မျိုးဖိုး၊ မြေဩဇာဖိုး၊ ပေါင်းသင်ခ၊ ဆေးဖိုးနဲ့ ထွန်ယက်ခအပါဝင် ငွေကျပ်တစ်သိန်းခန့် ကုန်ကျပါတယ်။ စိုက်ပျိုးတစ်လအကြာ ငရုတ်သီးများ ဆွတ်ခူးရပြီး ယနေ့အချိန်အထိ ပိဿာချိန် ၃၀ ကျော် ကောက်ယူပြီးဖြစ်ပါတယ်။ ငရုတ်သီးအစို တစ်ပိဿာ ငွေကျပ် ၂၅၀၀ ဈေးရောင်းနေရပါတယ်” ဟု ရှမ်းစုကျေးရွာ ငရုတ်စိုက်တောင်သူ ဒေါ်တင်အုံးက ပြောပြသည်။
ကျွန်းလှမြို့နယ်တွင် မိုးမျှော်ငရုတ်နှင့် ကုလားအော်ငရုတ် သီးနှံများအား ချောင်းရေ၊ မြေအောက်ရေတင်စိုက်ပျိုးကြကြောင်း၊ မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် သဘာဝ ပိုးသတ်ဆေးပြုလုပ်သုစွဲရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ