ကျောက်မဲမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

ကျောက်မဲ မတ် ၂၉

ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်မှတ်ပုံတင်ရေးဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက ပြည်တွင်းအဖွဲ့မှတ်ပုံတင်ခြင်း၊ အစိုးရအဖွဲ့မဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့ မှတ်ပုံတင်ခြင်း၊  မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိသော အဖွဲ့အစည်းများ၊ အသင်းအဖွဲ့၏ အခွင့်အရေးနှင့်တာဝန်များ အစရှိသည့် အသင်းအဖွဲ့ ဥပဒေဆိုင်ရာအချက်အလက်များကို ဆွေးနွေးခြင်း၊  တက်ရောက်လာသည့် အသင်းအဖွဲ့များမှ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျောက်မဲမြို့နယ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)