လယ်ဝေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စတင်ကျင်းပ

လယ်ဝေး မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၃)ရပ်ကွက် တေဇစက္ကီဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီးတန်းတွင် စာဖြေသံဃာနှင့် သီလရှင်  ၃၄ ပါး၊ ပထမလတ်တန်းတွင် ၁၈ ပါး၊ ပထမငယ်တန်းတွင် ၁၁၈ ပါး၊ အခြေပြုမူလတန်းတွင် ၁၂၉ ပါး၊ စုစုပေါင်း ၂၉၉ ပါး ဝင်ရောက်ဖြေဆိုကာ ယမန်နေ့မှ ဧပြီ ၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပရာသို့ ကြီးကြပ်ဆရာတော်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ သာသနာရေးဉီးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး အလှူရှင်များက နေ့စဉ်ဆွမ်းနှင့် အအေးများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဝေကြည်( ပြန်/ဆက်)