တပ်တောင်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

အမ်း ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးဆောင်ရွက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စာရင်းကောက်ယူရေး အဖွဲ့များက မြို့​ပေါ်ရှိ ရပ်ကွက်များ၌‌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 အဆိုပါ ကွင်းဆင်းစာရင်း ကောက်ယူသည့် နေရာများသို့ မြေပြင်ကွင်းဆင်းစာရင်း‌ကောက်ယူရေးကော်မတီဝင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စာရင်းကောက်ယူရေး အဖွဲ့များက အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူရာတွင် မှားယွင်းမှု မရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ  တာဝန်ကျ စာရင်း ကောက်ယူရေး အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ရပ်ကွက်က​​နေ ပြည်သူများအား (WorkingGroup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရသည်။

တပ်တောင်မြို့တွင် (WorkingGroup) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းအား သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါရီလ ၂၉ ရက်နေ့ထိ စာရင်းမှန်ရရှိရေး ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

မြို့နယ် (ပြန်/ဆက်)