မတ္တရာ ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အ.ထ.က(မတ္တရာ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီချိန်က အဆိုပါကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုံညီပွဲတော်ကို ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါသည် စုံညီပွဲတော် " သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ငြိမ်းတင့်မှ စုံညီပွဲတော်နှင့် ပညာရည်ဆုပေးပွဲဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စုံညီပွဲတော် ကျင်းပရေး ရသုံးငွေ ရှင်းတမ်းကို ဆရာမတစ်ဦးမှ ရှင်းလင်းဖတ်ကြားခဲ့သည်။ ဆက်လက်၍ အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းများကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဂုဏ်ထူး သင်ဆရာဆရာမများနှင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ၊ ကျောင်းတွင်း ပြိုင်ပွဲများ၊ အထိမ်းအမှတ်နေ့ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက တေးရုပ်ဖော် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)