ပုဏ္ဏားကျွန်း ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးအတွင်း တရားမဝင်အိမ်သုံးဆေးဝါးအတုနှင့် “Coffee Shop” Very Good အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ် ဖြစ်စေတတ်သည့် စားသောက်ကုန် ပစ္စည်းများအား ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၊ နေ့လယ်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးနှင့် စည်ပင်သာယာအဖွဲ့မှ တာဝန်ရှိသူတို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်တို့တွင် အန္တရာယ်ဖြစ်စေတတ်သည့် တရားမဝင် အိမ်သုံးဆေးဝါးအတု Paracetamol 500g သောက်ဆေး၊ ထိုးဆေးများနှင့် Coffee Shop (Very Good) အမှတ်တံဆိပ်ပါ ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ ဆိုင်ပိုင်ရှင်တို့အနေဖြင့် အန္တရာယ်ဖြစ်စေတတ်သည့် တရားမဝင်စားသောက်ကုန်များ ရောင်းချခြင်း မပြုကြရန်နှင့် ကုန်အမှတ်တံဆိပ် အတုအစစ် ခွဲခြားစမ်းသပ်နည်းတို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)