ရသေ့တောင် ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ရသေ့တောင်မြို့ ချောင်းဝရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်မန်နေဂျာ ဒေါ်ဦးလှမေနှင့် ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက အကြံပြုစစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးအကြံပေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာ့စီးပွားရေးဘဏ်တွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေး ကာကွယ်ရေး ပစ္စည်းများအား အသင့်ထားရှိရေး၊ ဘဏ်တွင် တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ် ပစ္စည်းများအား အသုံးမပြုကြရန် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ပြောကြားကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)