ရန်ကင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ

ရန်ကင်း ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အိမ်ထောင်စုလဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်မှ ကျေးရွာများအရောက် ရပ်ကွက်/ကျေးရွာအုပ်စု(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မူကော်မတီဝင်များ လူမူရေးအသင်းအဖွဲ့များမှ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခြင်းကို ဒုတိယနေ့အဖြစ် တစ်ချိန်တည်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေတိုက်ဆိုင် စစ်ဆေးစာရင်းကောက်ယူရေး (Working Group) လုပ်ငန်းအား  မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက်  ရပ်ကွက်၊ ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များအား လိုက်လံကြည့်ရှု အားပေး၍ လိုအပ်ချက်များကို ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့သည်။

ရန်ကင်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ ကောက်ယူနိုင်ရေးအတွက် ရပ်ကွက်(၁၅)ရပ်ကွက်ရှိ စာရင်းကောက်ယူရေးအဖွဲ့များက ကောက်ကွက်များအလိုက် တစ်ပြိုင်နက်တည်းဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကွက် စာရေးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လူနေအိမ်များတွင် အမှန်တကယ်နေထိုင်သော လူဦးရေ စာရင်းကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း သတ်မှတ်စာရင်းပုံစံများဖြင့်  ဇန်နဝါရီလ(၉)ရက်နေ့မှစတင်၍ ရက်(၂၀)ကြာ ကောက်ယူ သွားမည်ဖြစ်ကြောင်း သတင်းရသည်။

အိရွှေစင်(ပြန်/ဆက်)