ကွမ်းလုံ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းများ မှန် ကန်စေရန်အတွက် မြေပြင်ကွင်းဆင်းလူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်နှင့် ကျေးရွာများတွင် တာဝန်ရှိသူများက တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းများကောက်ယူလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ တစ်အိမ်တက်တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြပြီး အိမ်ထောင်စုလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီစာရင်းကောက်ယူပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့တွင် ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၂၅)စုရှိပြီး မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းကို ယမန်နေ့မှ (၃၁) ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)