အောင်လံမြို့၌ မြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

အောင်လံ ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၁၀ နာရီက အ-ထ-က(၁)ရွှေရတုခန်းမတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အ-ထ-က(ရွာထောင်)ကျောင်းမှ ကျောင်းသား/သူများမှ ထာဝရမြန်မာသီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားကာ အောင်လံခရိုင်ပညာရေးမှူး ဦးဌေးလွင် လမ်းညွှန်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားတွင် ခရိုင်/မြို့နယ်အဆင့် ထူးချွန်ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူ ဆုရရှိသူ စုစုပေါင်း(၁၂၆)ဦး အား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများပေး အပ်ချီးမြှင့်ပေးခဲ့ပြီး အဆို၊ အက၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ အ-ထ-က(၁)ကျောင်းသား/သူများမှ ထာဝရမြန်မာသီချင်းဖြင့် အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)