တောင်သာမြို့၌ အိမ်တောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Working Group) ရှေ့ပြေးကွင်းဆင်းစာရင်း ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်

တောင်သာ   ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အိမ်တောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Working Group) ရှေ့ပြေးကွင်းဆင်းစာရင်းကောက် ယူရေးကွင်းဆင်းဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၉ နာရီ အချိန်က  တောင် သာမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စာရင်းကောက်ယူရာတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦး စီးဌာနမှ ဦးစီးအရာရှိ ဦးလဒ်ထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေမျိုးသူနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ် (၆) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရင်းကောက်အဖွဲ့ (၁၁၉)ဖွဲ့မှ အဖွဲ့ ခေါင်းဆောင်များ၊အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလဒ်ထွဋ်နှင့် ဝန်ထမ်းများက ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ရှေ့ပြေးမြေပြင်ကွင်းဆင်းကောက်ယူနေမှုများကို ခရိုင်/မြို့နယ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလဒ်ထွဋ်မှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ၊ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ စာရင်းကောက်ယူရာတွင် ဂရုပြုရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)