မြောက်ဦး ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က အောင် တပ်ရပ်ကွက် (အ.ထ.က-၂)ကျောင်း ဂေါ်သဇင်အဆောင် စာသင်ဆောင်ရှေ့ ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-၂ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နွယ်မြင့်မှ ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ကျောင်းသူ/ကျောင်းသားများ ဘက်စုံထူးချွန်ရန်အတွက် မိမိတို့ကျောင်းမှ ဆရာ/ဆရာမများတို့မှ ကြိုးစားအားထုတ်မှု၊ စည်းကမ်းတကျလုပ်ဆောင်နိုင်မှုတို့ကြောင့် ထူးချွန်ထက်မြက်သော ကျောင်းသား/ ကျောင်း သူများပေါ်ထွက်လာခြင်းဖြစ်ပြီး ယခုပိုမို၍ ဆက်လက်ကြိုးစားကြရန်တို့ကို ပြောကြား ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အ-ထ-က-၂ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်၊၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် အတန်းအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများ၊ အမျိုးသားအောင်ပွဲနေ့တွင် ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် ဆုများအသီးသီးရရှိသော ကျောင်းသား /ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်၍ တေးသရုပ်ဖော် အကများဖြင့် ကျောင်းသား/ကျောင်းသူများက ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)