ဝါးခယ်မ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြေပြင်လူဦးရေ စာရင်းများ တိကျမှန်ကန်စေရန်အတွက် ကွင်းဆင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးကောက်ယူရာတွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဝါးခယ်မမြို့နယ်အတွင်းရှိ အိမ်ထောင်စုများသို့ အိမ်ထောင်စုစာရင်းနှင့် မြေပြင်စာရင်းများ တိကျမှန်ကန်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့များမှ တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးကောက်ယူခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် ပြေပြင်လူဦးရေစာရင်းကောက်ယူရန် အဖွဲ့(၁၂၃)ဖွဲ့ဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ နေ့စဉ်ကောက်ယူ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထံမှ သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)