တပ်ကုန်းမြို့၌ နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း (အောင်ပွဲ)အခမ်းအနားကျင်းပ 

တပ်ကုန်း ဇန်နဝါရီ ၁၁

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း (အောင်ပွဲ) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက်၊ မြို့ဦးဘုရားတိုက်ကြီးတွင် ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီအရှင်သူမြတ်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​ထွေး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒုတိယတိုင်းသာသနာရေး မှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပြီး၊ မြို့ရှေ့ စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တ စန္ဒသိရီအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​ထွေးနှင့်အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ လှူဒါန်းမှုအစုစု အား မြို့ဦးပရိယတ္တိစာသင်တိုက်၊ပဓာနနာယက အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တပဏ္ဏဝ မထေရ် မြတ်က အနုမောဒနာတရား ချီးမြှင့်တော်မူပြီး၊ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ထို့နောက် အခမ်းအနားမှူးက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး၊ ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ပရိသတ်များက ဗုဒ္ဓသာသနံစိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင် စွာ ရုပ်သိမ်းကာ ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို မြဝတီရပ်ကွက်၊ မြို့ဦးပရိယတ္တိစာသင်တိုက်၊ မြို့ဦးဘုရားတိုက်ကြီးတွင် ဇန်နဝါရီ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဆရာတော်၊ ­သံဃာတော်(၂၄)ပါးဖြင့် အသံမစဲမဟာပဋ္ဌာန်း မြတ်ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်