၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ကြီးကြပ် ဆောင်ရွက်ခဲ့ကြသူများအား  ကြိုဆိုနှုတ်ဆက်

ပုသိမ် ဇန်နဝါရီ ၁၁

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့် ဒေသထွက်ပစ္စည်းနှင့် ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများသည် ပုသိမ်မြို့သို့ ယမန်နေ့ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများမှ ဂုဏ်ပြုကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှ (၇၅)နှစ်မြောက်၊ စိန်ရတ ုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့် ဒေသထွက် ပစ္စည်းနှင့် ရိုးရာအစားအစာ အရောင်းပြခန်း ဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအား ဂုဏ်ပြုပန်းကုံးများ၊ ပန်းစည်းများဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက်  ပုသိမ်တက္ကသိုလ် ဧည့်ခန်းမ၌ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်အား ကြီးကြပ် တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့် အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အားလုံး၏ ကြိုးစားအားထုတ်မှု ရလဒ်များပင် ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါကြောင်း ဂုဏ်ပြုဝမ်းမြောက်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)