သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကျင်းပ
Jan 12,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ အမှတ်စဉ်(၁/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 12,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာ၊ အခြေခံပညာမူလတန်း ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်းကွင်းကောက်ယူရေးအဖွဲ့ (Working Group) မှ အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းကာ ဆက်လက်ကောက်ယူ
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မိုးကုတ်မြို့နယ်ရှိ ရပ်ကွက်ကြီး(၅)ရပ်ကွက်တွင် မြေပြင်စာရင်းကောက်ယူခဲ့ရာ မြို့နယ်‌ (working Group) မြေပြင်ကွင်းဆင်းကြီးကြပ်မှုကော်မတီမှ တစ်အိမ်တက်ဆင်းမြေပြင်လူဦးရေစာရင်းများကောက်ယူခြင်းအား လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်၊၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ ဆက်ကပ်ချီးမြှင့်အပ်နှင်း
Jan 12,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းရာတွင် ပါဝင်ခဲ့သော ဆရာတော်ကြီးနှစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်အပ်နှင်းသည့်အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ရွှေသောင်ယံမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား (Booster Myancopharm) ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး
Jan 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက် (၉) နာရီက ကျောင်းသား၊ ကျောင်းသူများအား (Booster Myancopharm) ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျှက်ရှိရာ ရွှေသောင်ယံမြို့ အ.ထ.က ရွှေသောင်ယံတွင် စုရပ်ပြုလုပ်၍ မြို့ပေါ်ရပ်ကွက်များမှ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြသည်။
ကျိုက်လတ်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြစန္ဒီခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူလေးများက “ကြိုဆိုပါတယ် စုံညီပွဲတော်” သီချင်းဖြင့်အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
လဟယ်မြို့တွင် မြေပြင်တစ်အိမ်တက်ဆင်း (Working Group) လူဦးရေစာရင်း ကောက်ယူ
Jan 12,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ မြို့ပေါ်ရပ်ကွက (၄) ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရေး (Working Group) အဖွဲ့များသည်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူမှုကို ယမန်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင်မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်အတွင်း လူဦးရေစာရင်းကောက်ယူရေးကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာတွင် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်
Jan 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စုအုန်းချောင်းကျေးရွာ အုန်းချောင်းအသင်းတော်ခန်းမဆောင်တွင် ယနေ့ နံနက် (၉) နာရီခွဲက မြို့အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ကြသည်။