လဟယ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ မြို့ပေါ်ရပ်ကွက (၄) ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရေး (Working Group) အဖွဲ့များသည်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူမှုကို ယမန်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင်မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်အတွင်း လူဦးရေစာရင်းကောက်ယူရေးကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်း လူဦးရေစာရင်း (Working Group) ကောက်ယူရာတွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲအတွင်းရေးမှူး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနေမင်းသူနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေး မြို့နယ်မြေပြင် ကွင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇာနည်ဝင်နှင့်အဖွဲ့ဝင်များနှင ရပ်ကွက်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီများလိုက်ပါလျက် မြေပြင်လူဦးရေစာရင်းကောက်ယူမှုကိုကြည့်ရှုပြီး လိုအပ်တည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးမှ သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)