ရွှေသောင်ယံမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား (Booster Myancopharm) ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

ရွှေသောင်ယံ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက် (၉) နာရီက ကျောင်းသား၊ ကျောင်းသူများအား (Booster Myancopharm) ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျှက်ရှိရာ ရွှေသောင်ယံမြို့ အ.ထ.က ရွှေသောင်ယံတွင် စုရပ်ပြုလုပ်၍ မြို့ပေါ်ရပ်ကွက်များမှ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြသည်။

ထိုနည်းတူ ယနေ့တစ်ရက်ထည်းတွင် သဲကုန်းကျေးရွာအုပ်စု၊ ကျူတောကျေးရွာ စာသင်ကျောင်း၌လည်းကောင်း၊ အုန်းချောင်းကျေးရွာစာသင်ကျောင်း၌လည်းကောင်း၊ သပေါ့ကန်ကျေးရွာအုပ်စု သပေါ့ကန်‌ကျေးရွာစာသင်ကျောင်း၌လည်းကောင်း စုရပ်ပြုလုပ်၍ တစ်ပြိုင်နက်ထည်း ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံရာတွင်ရာတွင် ရွှေသောင်ယံမြို့ သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ဝန်ထမ်းများမှအဖွဲ့များ ခွဲကာအသက် (၅) နှစ်မှ (၁၂) နှစ်အထိကျောင်းသား၊ ကျောင်းသူများအား (Booster Myancopharm) ထပ်ဆောင်းကာကွယ်ဆေးကို တတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)