မိုးကုတ် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မိုးကုတ်မြို့နယ်ရှိ ရပ်ကွက်ကြီး(၅)ရပ်ကွက်တွင် မြေပြင်စာရင်းကောက်ယူခဲ့ရာ မြို့နယ် (working Group) မြေပြင်ကွင်းဆင်းကြီးကြပ်မှုကော်မတီမှ တစ်အိမ်တက်ဆင်းမြေပြင်လူဦးရေစာရင်းများကောက်ယူခြင်းအား လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်၊၊
အဆိုပါ ကွင်းဆင်းကောက်ယူခြင်းကို မိုးကုတ်မြို့နယ်ရှိ မြို့မအုပ်စု၊ ရှောလီဝိုင်းအုပ်စု၊ ရေပူအုပ်စု၊ မင်းတံတားအုပ်စု၊ လယ်ဦးအုပ်စုများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်ဗိုလ်မှူးကျော်သူရွှေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဖုန်းနိုင်၊ နယ်မြေရဲစခန်းရဲတပ်ဖွဲ့၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး ရပ်/ကျေးစာရေး၊ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါကြီးကြပ်ဆောင်ရွက်ကာ လိုအပ်ချက်များအား ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရှိရသည်၊၊
နန်းခွာညိုနှင်း